Blogger Widgets

Friday, October 5, 2012

ဒဏ်ရာ



စိတ်ဘ၀င် ရေလှိုင်း

မာန ကမ်းမှာ ပြို

စက္ကန်. မာန်စွယ်

ဖွေးဖွေး ဖြူဖြူ ၀င်း

မျက်ဆံ နက်ကြား

တွန်.တို ၀န်ထမ်း

အဖန်တရာ မဖြေသိမ်.နိုင်

နှမြောချင်း ခန္ဓာ ကြားက

နှလုံးသား ဖွားတော်မှုခန်း။

ဝေခွဲခက် ပုစ္ဆာနှစ်ခုကြား

နားလည်မှု အပြုံးဖြည်.စွတ်

အရှုံး ကရင် ဖနောင်.နဲ. ပေါက်

နာကျင်လွန်းလို. တဆက်ဆက်

ပုံပြင်ထဲက ဇာတ်သိမ်းက

ပုံပြင် ထဲမှာ ရှိပါစေ။

ဓါးရိုးကိုကမ်း ဓါးသွားရင်ထောက်

ခါးသီးခြင်းနဲ. အမုန်းဇာတ်လမ်း

ပိတ်ကားချပြ အမှန်ဖြစ်နေတဲ.

လောကဓံ ဘ၀ ခြွေမွ နင်းလျောက်

ငါ ရင်မဆိုင်တက်လို. နေထိုင်ရခက်။

မခံစားနိုင်တဲ. ရင်တစုံ ပေါက်ကွဲ

တမင်တကာ မဖန်တီး ဘဲ ကဗျာ ထဲမှာ

နှလုံးသား တွေနစ်မြူပ် အဖတ်ဆည်မရတဲ.

အကြည်.တွေကြား ငါ သွေးသားထဲက

တောင်.တ ရိုးသားခြင်းက အဆိပ်

တခွက်တဲ.လား။

အကြိမ်ကြိမ် သေခဲ.တဲ. နေ.ရက်က

ငြိုးချက်မဲ. ရင် ကိုထွင်း

ပက်ပက်စက်စက် ခံစားရတဲ.

ဘ၀က စည်းချက်မဲ.

ပရမ်းပတာ

ကာရန်မသတ်တဲ. စကားလုံးက

ထုဆစ် လှေကားထစ် ဘ၀က

သေလို.ရတဲ. ချစ်

အမုန်းဆွဲ ဗုံးကြဲ နင်ပျော်နေတာ

ငါ. နှလုံးသားပေါ်မှာ။

နေဇော်

No comments:

Post a Comment

ကွန် မန်း တခု ဟာ စာရေးသူ အတွက်အားဆေး တခွက် ပါပဲ