Blogger Widgets

Friday, October 5, 2012

စိတ်ကျန်းမာရေး ဆိုတာ ဘာလဲ ?

_ _ _

                စိတ်ကျန်းမာ ရေးဆိုတာ စိတ်ရော ဂါ  နဲ.မတူပါဘူး ။ စိတ်ကျန်းမာ ရေးဆိုတာ ဘာကိုပြောတာလဲ ဆိုရင် လူတယောက် ရဲပျော် ရွှင် မှု. ၊ ၀မ်းနည်းမှု.၊ စိန်ခေါ်မှု. တွေကို ရင် ဆိုင် ကိုင် တွယ် နိုင်ပြီး ဆက် ဆံရေး ဘက်မှာ လည်း မချို.ယွင်းပဲ ကိုယ် ကိုယ် ကို အကောင်းမြင် နိုင်ဖို.ပါ ပဲ ။ ဥပမာ - မီးခဏ ပျက် တာမျိုး ပေါ.(ညဘက် computer သုံးနေတုန်း မီးပျက်တာမျိုး ပေါ. ဟိဟိ)  ဒါ မျိုးဆို inverter နဲ.နေမယ် ဒါ မှမ ရရင် ကိုယ် .စက်ကို ခဏ အနားပေးပြီး အငြောင်း ပြေ နေလိုက်မယ်ကွာ   ဆိုပြီး ရင် ဆိုင် ကိုင် တွယ် နိုင် သလို တချို.လူတွေ က စိတ်တွေ ညစ်ပြီး စိတ်ထိခိုက်  ဖြစ်နေတက်တယ် အဲဒါ က ရင် မဆိုင် တက် မကိုင် တွယ် တက် တာမျိုး ပါ ကိုယ် မှ အစိုး မရ တဲ. မီးကို မကြားဝံ. မနာသာ ထအော် လို.ရော မီးက လာနိုင် ပါ.မလား ။



              ကိုယ် ချစ်သူ( ဒါ မှ မဟုတ် ) ကိုယ် သူငယ်ချင်း တယောက်ယောက် ကင် ဆာ ဖြစ်တယ်ဆေးကု ဖို.ပိုက် ဆံလို တယ် (ဖတ် .........ဖတ်  ..လွဲ ပါစေ ဖယ် ပါစေ ဟိဟိ) စသဖြင်. အခက် အခဲ ကို ကိုင် တွယ် ရရင် လက်တွေ.ကျကျ လုပ်ပြီး ရင် ဆိုင်ကိုင် တွယ် တက် သူ ဟာ စိတ်ကျန်းမာ ရေး ကောင်းတယ် လို.ပြောနိုင် ပါတယ်။
             ကျန်တော်တို.ရဲ. ပတ် ၀န်းကျင် မှာ ကောင်းတဲ.လူတွေ ရှိ သလို  မကောင်းတဲ.လူတွေ လည်း ရှိ ပါတယ် ဆိုတာ လဲ လက် ခံ နိုင်ရမယ် ။ ဒါ က အရေးကြီးပါတယ်  ဘာလို.လဲ ဆိုတော.  ကျန်တော်တို.ရဲ.ပေါင်းသင်း ဆက် ဆံရေးနယ် ပယ် မှာ လူပေါင်းများစွာ  နဲ.တွေ.ပြီး စကားပြောနေရတယ်  စိတ်ကျန်းမာ သူ က ဒါ ကို နားလည်မှု. နဲ.ခံယူတက်ပါတယ်  သူတို.က ရင်းနှီး တဲ. လူတွေ ကို ယုံကြည် မှု.ရှိတယ်  ၊ သံ သယ စိ တ် မရှိဘူး ၊  ဒီလို အဖွဲ.အစည်း နဲ.နေရတာ စိတ်ပျော် တယ်  ဘ၀ ဟာ သူဟာ နဲ.သူ
အဓိပါယ် အပြည်.နဲ. လှပနေတယ်   လို.ခံယူတက် တယ်  ကျေနပ် တက်သူများဖြစ်ပါတယ် ။
          Who is a mentally health person?  

ဘယ်သူတွေ က စိတ် ကျန်းမာ သူလဲ လို. မေးခွန်း မျိုး ရှိခဲ.ရင်တော. ကျန် တော် က အချက် အလက် တချို.ကို ကိုးကား ပြချင် ပါတယ် -

၁။................အခြေအနေ အများစု ကို ဖြေ ရှင်းနိုင် ပြီး ဘ၀မှာ နေ.စဉ် ကြုံတွေ. နေရတဲ. အခြေ အနေ ကနေ
                   သာယာ မှု. ယူတက် သူများ (ဥပမာ- ကိုယ် စိုက် ထားတဲပန်း ပင် က  ပန်းလေးပွင်.လာ တာမျိုး
                    နေထွက် ချိန်  အာ ရုဏ်  မနက်ခင်း ရဲ. အလှ ကို ကြည်.ရှု. ခံစား သာ ယာ တက် တဲ.သူတွေ
                      ပေါ. ။

၂။.............. ဘ၀မှာ လိုတာ မရ ၊ ဖြစ်ချင် တာ မဖြစ် နိုင် တာမျိုးတွေ ကြုံ တွေ. ဖူးကြမယ် ထင်ပါတယ်  စိတ်
                  ကျန်းမာ သူက ဒါ မျိုးကိုလက် ခံတက် ပြီး ရင်ဆိုင် ကိုင်တွယ် တက် သူများ ဖြစ်ပါတယ်။

၃။..............မိမိ ကိုယ် မိမိ  လေးစားတယ် ( ငါ အသုံးမကျ ဘူး လို. ဘယ်တော.မှ မထင်ဘူး)

၎။.............သူများ စွမ်းဆောင် ရည်ကို  အထင် လဲ မသေး အထင် လဲ မကြီး ဘူးဆို တဲ.စိ တ် ရှိတယ်
               ကြီးသူ ကို ရို သေ ၊  ရွယ် သူ ကို လေးစား  ၊ ငယ် သူကို သနား  စိတ်မျိုးထားတက်တယ်။

၅။...........သူများကို မေတ္တာ ထားတက်  ပြီး  မိမိ နဲ.တခြားသူ ရဲ. ခြားနားမှု. လက် ခံတက် တယ် ( မိမိ ယုံ
               ကြည်.မှု.ကို  တခြားသူက မယုံ ကြည် တာ မျိုး )။

၆။............မိမိ ရဲ.ပန်းတိုင်  ဟာ မိမိ မှာ ကတယ် ရှိတဲ. စွမ်းရည် နဲ.သာ သွားနိုင် တယ်  ဆိုပြီး ပန်းတိုင် ထား
               တက် တယ် (ဥာဏ်ရည်  က သာ မန် ပဲ ရှိတာကို  ဥာဏ် ကြီး ရှင် ( genius) များသာ လုပ် နိုင် မဲ.
                 လုပ် ငန်း ကို မစဉ်းစားခြင်းမျို.း)။

၇။.............မည်သည်. ကိစ္စ ကို မဆို တာဝန်ယူ တက်တယ် ။

                ဒီအချက်အလက်တွေ ကတော. တော်တော်များတယ် နော် ဟိဟိ ဒါ ပေမဲ. ဒါ တွေ တချက် မှ မရှိရင် တော. စိတ် ကျန်းမာ မှု. မရှိဘူး ဆိုပြီး  သတ်မှတ် နိုင်ပါတယ် တဲ. နည်းနည်းပါးပါး မရှိရင်တောင်  စိတ်ကျန်းမာ ရေး အပြည်. အ၀ မရှိဘူး လို.ပြောနိုင် ပါတယ် ။

Ref: စိတ်ပညာ စာအုပ် မှ အချက် အလက် အချို.ကို ကိုးကားသည်။
                  

No comments:

Post a Comment

ကွန် မန်း တခု ဟာ စာရေးသူ အတွက်အားဆေး တခွက် ပါပဲ